• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံဝန်ကြီးချုပ်များကောင်စီ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့ လီခေ့ချန်တက်ရောက်

(GMT+08:00) 2017-12-02 15:04:15

ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့ညနေပိုင်းက ၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ဆိုချီမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအစိုးရဝန်ကြီးချုပ်များကောင်စီ၏ ၁၆ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် Medvedev၊ ကာဇတ်စတန်ဝန်ကြီးချုပ် Sagintayev၊ ကာဂျစ်စတန်ဝန်ကြီးချုပ် Isakov၊ တာဂျစ်ကစ္စတန်ဝန်ကြီးချုပ် Rasulzoda၊ ဥဇဘက်ကစ္စတန်ဝန်ကြီးချုပ် Aripov၊ ပါကစ္စတန်ဝန်ကြီးချုပ် Abbasiနှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များသည်၊ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရ သိရသည်။

   Webradio