• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ရုရှားဝန်ကြီးချုပ် Medvedevနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-02 15:03:51

ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီး ချုပ် လီခေ့ချန်သည်၊ ဆိုချီမြို့၌ ရုရှားနိုင်ငံဝန်ကြီးချုပ် Medvedevနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့ တွေ့ဆုံခဲ့ရာ၌ လီခေ့ချန်က တရုတ်၊ ရုရှားနိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်ပေါင်းသင်းဆက်ဆံမှုများပြားလှပြီး၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု လည်း အဆက်မပြတ်နက်ရှိုင်းလာကာ၊ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးများစွာ ပြုခဲ့ ကြောင်း ပြောကြားခဲ့သည်။

      ဆက်လက်၍ လီခေ့ချန်က လက်ရှိကမ္ဘာ့စီးပွားရေးနာလန်ပြည်ထူလာပြီး၊ ကုန်သွယ် ရေးပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ၊ တရုတ်၊ ရုရှားတို့အနေနှင့်၊ ယင်းအခွင့်အခါ ကောင်းကို ဆုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio