တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်နေသော ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ၊ အစိုးရဝန်ကြီးချုပ် ဟုန်ဆန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ရှီကျင့်ဖိန်က ဝန်ကြီးချုပ် ဟုန် ဆန်သည်၊ တရုတ်ပါတီ နှင့် ပြည်သူများ၏ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနှင့် မိတ်ဆွေအစစ်ဖြစ်ကြောင်း၊ လက်ရှိ တရုတ်-ကမ္ဘောဒီးယားဆက်ဆံမှုသည်၊ အကောင်းဆုံးသော သမိုင်းကာလတွင် တည်ရှိ နေပြီး၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးလာ သကဲ့သို့၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုလည်း ဆက်တိုက်ကျယ်ပြန့်လာခဲ့သဖြင့်၊ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးစီးပွားကို ဆောင်ကျဉ်းလာခဲ့ ကြောင်း ပြောကြားခဲ့သည်။