• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့်ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား၌ ရှီကျင့်ဖိန်မိန့်ခွန်းပြောကြား

(GMT+08:00) 2017-12-02 15:02:37

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁ ရက်နေ့က ပီကင်းတွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ရှီကျင့်ဖိန်က၊ နိုင်ငံရေး ပါတီ အနေနှင့် ခေတ် ဖွံ့ဖြိုးရေး ရေစီးကြောင်းကို လိုက်လျော ရပြီး လူသား တိုးတက်ရေး အရှိန်ကို ကိုင်တွယ်ကာ ပြည်သူများ၏ တူညီသော စောင့်မျှော်ချက်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ယခင်ကလိုပင် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အကျိုးတူ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးအတွက် အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ပြောကြားခဲ့သည်။

ယခုလ ၁ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီခေါင်းဆောင်များအဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အစိုးရဝန်ကြီးချုပ် ဟုန်ဆန်တို့နှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်၊ ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရစည်။

   Webradio