|
||||||||
|
|||||||||||||
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း၌ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ နိုင်ငံရေး ပါတီ အနေနှင့် ခေတ် ဖွံ့ဖြိုးရေး ရေစီးကြောင်းကို လိုက်လျော ရပြီး လူသား တိုးတက်ရေး အရှိန်ကို ကိုင်တွယ်ကာ ပြည်သူများ၏ တူညီသော စောင့်မျှော်ချက်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ယခင်ကလိုပင် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အကျိုးတူ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးအတွက် အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ နိုင်ငံ အသီးသီးမှ နိုင်ငံရေးပါတီများသည် အပြန်အလှန် ယုံကြည်မှုနှင့် ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု အခြေခံပေါ်တွင် တူညီမှုများကို ရှာကြံပြီး သဘောကွဲလွဲမှုများကို ဖယ်ရှားကာ အပြန်အလှန် လေးစား၊ အပြန်အလှန် အတူယူကြသော အမျိုးအစားသစ် နိုင်ငံရေးပါတီများ ဆက်ဆံမှုကို ရှာကြံရမည် ဖြစ်ကြောင်း၊ အသွင်ပုံစံမျိုးစုံ၊ အဆင့်မျိုးစုံသော နိုင်ငံတကာ နိုင်ငံရေးပါတီများ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်ကို တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး အဖွဲ့အစည်း ၃၀၀ ခန့်မှ ခေါင်းဆောင်တို့သည် ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြကြောင်း၊ ၁ ရက်နေ့က ဖွင့်ပွဲ အခမ်းအနား အပြီးတွင် ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပ ခဲ့ကြောင်း၊ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အစိုးရ ဝန်ကြီးချုပ် ဟုန်စိန်၊ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင်များသည် မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
|