• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ၏ မှန်ကန်သော ဦးဆောင်မှုကြောင့် တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်လာနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဆို

(GMT+08:00) 2017-12-01 19:36:05

ပီကင်းမြို့၌ ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည်၏ တိုးတက်အောင်မြင်မှု ပြပွဲကို ယခုလ ၁ ရက်နေ့က ကြည့်ရှုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဦးသန်းဌေးက၊ တရုတ်ကွန်မြူနစ်ပါတီ၏ မှန်ကန်သော ဦးဆောင်မှုကြောင့် တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်လာနိုင်ခြင်း ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ခေါင်းဆောင်မှုဖြင့် တရုတ်နိုင်ငံသည် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာပါကြောင်း၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသား သွေးစည်းညီညွတ်မှု အပါအဝင် ရှီကျင့်ဖိန်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေး အတွေးအခေါ် နယ်ပယ်များစွာကို မြန်မာ နိုင်ငံက ကိုးကားနိုင်ကြောင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio