• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် တာဂျစ်ကစ္စတန် ဝန်ကြီးချုပ် ရာဆိုဇူတာနှင့်တွေ့ဆုံ

(GMT+08:00) 2017-12-01 14:53:04

ယလုလ ၃၀ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတောင်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဆိုချီမြို့တွင်တည်းခိုသောဟိုတယ်၌ တာဂျစ်ကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရာဆိုဇူတာနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာမှာ လီခေ့ချန်က တရုတ်-တာဂျစ်ကစ္စတန်နှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်အားထားကြသော အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ ယခုနှစ်သည်တရုတ်- တာဂျစ်ကစ္စတန် သံတမန်ဆက်ဆံမှုထားရှိခဲ့သော ၂၅ နှစ် ဖြစ်ပြီး မိမိတို့သည် တရုတ်-တာဂျစ်ကစ္စတန်ဆက်ဆံမှုဆက်တိုက်တိုးတက်ရေးအပေါ် ယုံကြည်စိတ်အပြည့်အဝရှိပါကြောင်း ပြောကြားခဲ့သည်။

ရာဆိုဇူတာကလည်း တာဂျစ်ကစ္စတန်-တရုတ်တို့က အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပြီး နှစ်နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုလည်းကဏ္ဍစုံဖြစ်ကြောင်း ပြောကြားသည်။

   Webradio