• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်ပြည်တွင် အင်္ဂါ အလှူပေးလိုသူ ဦးရေ အဆပေါင်း ၁၂၀ တိုးလာ

(GMT+08:00) 2017-12-01 09:18:36

၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ အင်္ဂါ အစားထိုး ခွဲစိတ်ကုသရေး ရန်ပုံငွေအဖွဲ့ လုပ်ငန်း အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်ပြည်မကြီးတွင် ကိုယ့်ဆန္ဒအလျောက် အင်္ဂါ အလှူပေးလိုသူ ဦးရေမှာ အဆပေါင်း ၁၂၀ တိုးလာပြီ ဖြစ်ပြီး အာရှ့၌ ပထမ အများဆုံး ဖြစ်လာပြီ ဖြစ်ကာ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် တည်ရှိ နေကြောင်း၊ နောင်တွင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ လက်တွေ့ အခြေအနေနှင့် ကိုက်ညီသော အင်္ဂါ အလှူပေးရေးနှင့် အစားထိုး ခွဲစိတ်ကုသရေးဆိုင်ရာ စည်းမျဉ်းဥပဒေများ ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio