• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံတကာ ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-01 08:58:52

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၃၀ ရက်နေ့က ပီကင်း၌ ၂၀၁၇ ခုနှစ် ဆုန်ဒူ ကမ္ဘာ့ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာ ခေါင်းဆောင်များ မဟာမိတ် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် တရုတ်နိုင်ငံက နိုင်ငံတကာ စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်ရွက်ရေးဆိုင်ရာ မူနှင့် အဆိုပြုချက်များကို အဓိကထား ရှင်းလင်းပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ လူဦးရေ သန်း ၁၃၀၀ ကျော် ရှိသည့် နိုင်ငံ တစ်နိုင်ငံ အနေနှင့် တရုတ်နိုင်ငံသည် ရေရှည် ပုံမှန် တိုးတက်မှုကို ထိန်းသိမ်းခြင်း ကိုယ်၌ပင် လူသား ကံကြမ္မာ အသိုက်အဝန်း ဖွဲ့စည်းထူထောင်ရေး အပေါ် အကျိုးပြု စွမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ဦးလည်မသုန် စွဲကိုင်မည် ဖြစ်ကြောင်း၊ တံခါးဖွင့်ရေး ဖြစ်သည့် အခြေခံ နိုင်ငံတော် မူဝါဒကို စွဲကိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio