• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဟန်ဂေရီ သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-30 09:01:47

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘူဒါဘက်မြို့ရှိ သမ္မတရုံး၌ ဟန်ဂေရီ သမ္မတ အာဒယ်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ ၁၉၄၉ ခုနှစ် အောက်တိုဘာလက တရုတ်နှင့် ဟန်ဂေရီ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် တိုးမြင့်လာကြောင်း ပြောကြားပါသည်။

အာဒယ်ကလည်း၊ ဟန်ဂေရီသည် တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

   Webradio