• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မီးတောင် ပေါက်ကွဲခြင်းသည် အင်ဒို ခရီးသွားလုပ်ငန်းကို ဂယက်ရိုက်ခတ်နေ

(GMT+08:00) 2017-11-29 09:55:59

အင်ဒိုနီးရှား မီးတောင် တိုင်းတာကြပ်မတ်ရေးအဖွဲ့က၊ ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဘာလီကျွန်း အာဂွန် မီးတောင် ပေါက်ကွဲမှု ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းသည် ယခုလ ၂၁ ရက်နေ့က အာဂွန် မီးတောင် ပေါက်ကွဲမှု စတင် ခဲ့သည့်နောက်ပိုင်း အတိုင်းအတာ အကြီးမားဆုံး အချိန် အကြာမြင့်ဆုံး ဖြစ်ကြောင်း ဖေါ်ပြသည်ဟု တရုတ် စီးပွါးရေး နေ့စဉ်သတင်းစာတွင် ရေးသား ဖေါ်ပြ ထားပါသည်။

ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၇ ရက်နေ့ကစပြီး ၄၈ နာရီကြာ ပိတ်ထားမည် ဖြစ်ပြီး လေကြောင်းခရီးလိုင်း ၄၄၅ ကို ဖျက်သိမ်းပြီ ဖြစ်ကာ ခရီးသည် ၅ သောင်း ၉ ထောင်ခန့်သည် ခရီးထွက်ခွါနိုင်ဖို့ အခက်အခဲ ကြုံတေ့နေရကြောင်း သတင်းရရှိပါသည်။

   Webradio