• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးများ အစည်းအဝေး အင်ဒို၌ ဖွင့်လှစ်

(GMT+08:00) 2017-11-29 09:52:45

လူဦးရေနှင့် ဖွံ့ဖြိုးရေး တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဦးစီး ပြုလုပ်သော ၁၄ ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျိုဂျာကာတာမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "မြို့ပြ ဆက်တိုက် ဖွံ့ဖြိုးရေး၊ လူဦးရေစီးဆင်းမှုနှင့် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ၊ တောင်ဖက်ခြမ်းနိုင်ငံများ၏ ရှုထောင့်နှင့် ဆောင်ရွက်မှု" ဖြစ်ကြောင်း၊ လူဦးရေနှင့် ဖွံ့ဖြိုးရေး တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သဘာပတိနိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူ၊ တရုတ် နိုင်ငံတော် ကျမ်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မတီ ဥက္ကဋ္ဌ လီပင်သည် ဖွင့်ပွဲအခမ်းအနားကို ကြီးမှူး ကျင်းပခဲ့ကြောင်း သတင်းအရရှိပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် နိုင်ငံ ၂၆ နိုင်ငံနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စာလှယ် ၁၂၀ ကျော်တို့သည် မြို့ပြ ဆက်တိုက် ဖွံ့ဖြိုးရေး၊ လူဦးရေ စီးဆင်းမှု၊ မြို့ပြ သက်ကြီးရွယ်အိုဦးရေ တိုးများလာခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio