• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ၁၆+၁ ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်

(GMT+08:00) 2017-11-29 09:45:05

ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့ညက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် အလယ်အရှေ့ဥရောပ ၁၆ နိုင်ငံမှ ခေါင်းဆောင်များသည် ဘူဒါဘက်မြို့၌ ကျင်းပသော ၁၆+၁ ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် လီခေ့ချန်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ၁၆ +၁ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ်များကို ရရှိပြီ ဖြစ်ကြောင်း၊ မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးတူ ဖွံ့ဖြိုးမှု အပေါ် အခြေခံခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio