• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား ပြဿနာ ဆိုင်ရာ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံ ကျင်းပ

(GMT+08:00) 2017-11-28 16:00:20

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆီးရီးယား ပြဿနာ ဆိုင်ရာ အထူးသံတမန် မီစတူရာ ခေါ်ယူကျင်းပသော အဌမ အကြိမ်မြောက် ဆီးရီးယား ပြဿနာ ဆိုင်ရာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲကို ယခုလ ၂၈ရက်နေ့က ဂျီနီဗာမြို့တွင် ဖွင့်လှစ်လိုက် ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဆီးရီးယား ပြည်တွင်း အချင်းပွားမှု အခြေအနေ ကြီးမားစွာ ပြောင်းလဲပြီး ဆီးရီးယား ပြဿနာကို ရည်ရွယ်ပြီး ရုရှား အနေနှင့် ဆောင်ရွက်မှုများ ပြုလုပ်သည့် အခြေအနေမျိုးတွင် ယခုအကြိမ် ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ မီစတူရာက ဆီးရီးယား ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး ဖြစ်စဉ်တွင် ကုလသမဂ္ဂ အနေနှင့် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း အလေးထား ပြောကြားသည်။

ယခုအကြိမ် ဆွေးနွေးပွဲသည် ပြီးခဲ့သည့် ၇ကြိမ် ဆွေးနွေးပွဲနှင့် မတူခြားနားကြောင်း အကဲခတ်များက ယူဆကြသည်။ တစ်ချက်က ဆီးရီးယား ပြည်တွင်း အချင်းပွားမှု အခြေအနေသည် ကြီးမားစွာ ပြောင်းလဲလာပြီး အချင်းပွားမှုတွင် အင်အားစုများအကြား အင်အား နှိုင်းယှဉ်မှု ကြီးမားစွာ ပြောင်းလဲလာကြောင်း၊ ပြီးခဲ့သည့် နှစ်ဆန်းက ဆီးရီးယား အချင်းပွားမှုတွင် ရုရှား ပါဝင်ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် အောင်ပွဲများခံပြီး ပိုင်နက်နယ်မြေ အများစုကို ပြန်လည် သိမ်းယူခဲ့ကြောင်း၊ ဆီးရီးယား အစိုးရသည် ဆွေးနွေးပွဲတွင် လက်ဦးမှု ရှိနေကြောင်း၊ ဆီးရီးယား အတိုက်အခံ ပါတီများ၏ သဘောထားရပ်တည်ချက်လည်း ပြောင်းလဲလာကြောင်း၊ ပြီးခဲ့သည့် အပတ်က ၄င်းတို့သည် တပေါင်းတစည်းတည်းရှိသော ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ပြီး သဘောထား ပျော့ပြောင်းသော အုပ်စုမှ Nasr al-Haririကို ထိပ်တန်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖြစ် ပြန်လည် ရွေးချယ်ခဲ့ကြောင်း၊ နောက်တစ်ချက် ကတော့ ရုရှား၊ တူရကီနှင့် အီရန်၏ ပါဝင်ဆောင်ရွက်မှုများသည် ဆီးရီးယား ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး အတွက် အထောက်အကူ ဖြစ်မည် ဖြစ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

သို့သော် လက်ရှိအချိန်တွင် သက်ဆိုင်ရာတို့သည် ယခုအကြိမ် ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် အကောင်းဘက်မှ မမြင်ကြောင်း၊ အကြောင်းရင်း တစ်ချက်က ဆီးရီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တက်ကြွစွာ ပါဝင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ နောက်တစ်ချက် ကတော့ အတိုက်အခံ ပါတီများ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း တည်ထောင်ခဲ့သော်လည်း သဘောထား ရပ်တည်ချက် ညီညွတ်စေအောင် တစ်ဆင့်တိုး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေသေးတာကြောင့် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

 

 

   Webradio