• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ လတ်ဗီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-28 11:03:21

      တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့ညနေပိုင်းက ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တော်၌ လတ်ဗီးယားနိုင်ငံ ဝန်ကြီးချုပ် Maris Kuczinskis နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ထို့သို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ လီခေ့ချန်က လတ်ဗီးယားသည်၊ တရုတ်ပြည်၏ မိတ်ဆွေကောင်းဖြစ်ပြီး၊ ၁၆+၁ ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးရေး၌ လတ်ဗီးယားနိုင်ငံ မှ ပါဝင်သည့် အပြုသဘောဆောင်သော အခန်းကဏ္ဍအပေါ် တရုတ်ပြည်က ချီးကျူးပါကြောင်း ပြောကြားခဲ့သည်။

Maris Kuczinskis ကလည်း၊ လွန်ခဲ့သည့် နှစ်များအတွင်း လတ်ဗီးယား- တရုတ် ဆက်ဆံမှုသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရ သိရသည်။

 

   Webradio