• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ပိုလန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-28 11:02:45

      တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့ညနေပိုင်းက ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တော်၌ ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Beata Szydlo နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေဆုံနှုတ်ဆက်ခဲ့ရာ၌ လီခေ့ချန်က လက်ရှိတရုတ်-ပိုလန်ဆက်ဆံမှုသည်၊ ရှင်သန်တည်ငြိမ်စွာ တိုးတက်နေကြောင်း၊ ၂၀၁၈ခုနှစ်တွင် ပိုလန်နိုင်ငံသည်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းကောင်စီဝင်မဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ပြီး၊ တရုတ်ပြည်အနေနှင့်၊ နိုင်ငံတကာရေးရာများတွင် ပိုလန်နိုင်ငံနှင့် ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုပြုလုပ် သွားလိုကြောင်းပြောကြားခဲ့ဟု သတင်း အရသိရသည်။

   Webradio