• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အင်ဒို ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သုတေသန စတင်

(GMT+08:00) 2017-11-27 14:33:43

 

ဆိုင်ထောင်နှင့် ဟူချွင်ဟု အမည် ပေးထားသော တရုတ် ပန်ဒါဝက်ဝံတို့သည် စက်တင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ယခုလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သုတေသန ဖွင့်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းက၊ ပန်ဒါဝက်ဝံသည် ချစ်ကြည်ရေး သံတမန် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးတွင် သာယာလှပမှုများ စွဲမြဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio