• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မ​လေး​ရှားမှာ ထန်းဆီရေယာဉ်တစ်စီးပြန်​ပေး​ဆွဲ​ခံ

(GMT+08:00) 2017-11-27 11:14:18
မလေးရှားနိုင်ငံ ပင်လယ်ရေးရာ ဥပဒေကျင့်သုံးရေးဌါနက ထန်းဆီတန်ချိန် ၃၇၀၀ သယ်ဆောင်လာသော သင်္ဘောတစ်စီးသည် ယခုရက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ အနီးမှာ ပြန်ပေးဆွဲခံခဲ့ရကြောင်း၊ သင်္ဘောပေါ်ရှိ ထန်းဆီကိုလည်း လုယက်သွားခဲ့ကြောင်း ယခုလ ၂၄ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

မလေးရှားနိုင်ငံ ပင်လယ်ရေးရာ ဥပဒေကျင့်သုံးရေးဌါနမှ ကြေညာချက်အရ ၄င်းကုမ္ပဏီပိုင် သင်္ဘောကို စတုတ္ထအကြိမ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်က ပြန်ပေးဆွဲခံခဲ့ရမှုနှစ်ကြိမ်တွင်လည်း ထန်းဆီစုစုပေါင်း တန်ချိန် ၅၅၀၀ ပြန်ပေးဆွဲခံခဲ့ရ ကြောင်းသိရပါသည်။

   Webradio