• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အင်ဒို ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သုတေသန စတင်

(GMT+08:00) 2017-11-27 09:10:23

ဆိုင်ထောင်နှင့် ဟူချွင်ဟု အမည် ပေးထားသော တရုတ် ပန်ဒါဝက်ဝံတို့သည် မကြာမီက အင်ဒိုနီးရှားနိုင်ငံ တောရိုင်းတိရစ္ဆာန်ရုံသို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းသည် ယခုလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သုတေသန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံတို့၏ တိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီဟု ပြသနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်၊ လျူယန်တုန်းက၊ ပန်ဒါဝက်ဝံသည် ချစ်ကြည်ရေး သံတမန် ဖြစ်ကြောင်း၊ မိမိတို့သည် ပန်ဒါဝက်ဝံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အခွင့်ကောင်း အဖြစ် ထားပြီး နှစ်နိုင်ငံတို့၏ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဂေဟစနစ် ထိန်းသိမ်းရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တွန်းအားပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

   Webradio