• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီဂျစ် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူ ဦးရေ ၂၃၅ ဦး အထိ တိုးလာ

(GMT+08:00) 2017-11-25 10:10:54

အီဂျစ်နိုင်ငံ မြောက်စီနိုင်ပြည်နယ်ရှိ ဗလီကျောင်း တစ်ကျောင်း၌ ယခုလ ၂၄ ရက်နေ့က ဖြစ်ပွါးခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၂၃၅ ဦးထက်မနည်း သေဆုံးပြီး ၁၀၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပြီးနောက် အီဂျစ် သမ္မတ ဆေစီသည် ပြည်လုံးဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အရေးပေါ် အစည်းအဝေးကို ခေါ်ယူကျင်းပပြီး၊ အီဂျစ်သည် အကြမ်းဖက်သမားများအား ပြင်းပြင်းထန်ထန် တိုက်ဖျက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio