• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံဇီဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-11-24 15:18:40

      တရုတ်-အာဆီယံစင်တာနှင့် ဖိလစ်ပိုင်ခရီးသွားဝန်ကြီးဌာနတို့မှ အတူဦးစီးကျင်းပ သည့် တရုတ်-အာဆီယံဇီဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဖွင့်လှစ် ခဲ့သည်။ ဖိလစ်ပိုင်းခရီးသွားဝန်ကြီးဌာန ဒုဝန်ကြီး ဘန်နီတို၊ တရုတ်-အာဆီယံစင်တကာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်၊ အာဆီယံအတွင်းရေးမှူးရုံး ခရီးသွားဌာန အဆင့်မြင့်အရာရှိ အယ်ဒီနှင့် တရုတ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းအပါအဝင် နိုင်ငံများမှ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဌာန၊ ပညာရှင်လောကနှင့် ခရီးသွားနယ်ပယ်များမှ ကိုယ်စားလှယ် ၁၀၀ ကျော်တို့သည်၊ ယင်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်-အာဆီယံစင်တာ ဝက်ဘ်ဆိုက်မှ သတင်းအရသိရသည်။

 

   Webradio