• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုးနီးရှား စမတ်ဖုန်းဈေးကွက်၏ အကောင်းဆုံး၅ခုတွင် တရုတ်တံဆိပ်သုံးခုပါဝင်

(GMT+08:00) 2017-11-24 15:18:00

ဈေးကွက် သုတေသနဌာန နိုင်ငံတကာ အချက်အလက်ကုမ္ပဏီ(IDC)မှ ယခုလ ၂၃ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ယခုနှစ် တတိယ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ OPPO၊ vivoနှင့် MI တို့သည် အင်ဒိုနီးရှားနိုင်ငံ စမတ်ဖုန်း ဈေးကွက်၌ အကောင်းဆုံး ၅ခုတွင် ပါဝင်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၎င်းအစီရင်ခံစာအရ ယခုနှစ် တတိယ သုံးလပတ်၌ OPPOသည် ဈေးကွက်၏ ၂၅.၅% နေရာယူ၍ အင်ဒိုးနီးရှားဈေးကွက်တွင် SAMSUNGမှအပ ဒုတိယအကြီးဆုံးဖြစ်ကြောင်း၊ vivoနှင့် MIသည် ဈေးကွက်၏ ၇.၅% နှင့် ၆.၂% အသီးသီးရှိ၍ စတုထ္ထနေရာနှင့် ပဉ္စမနေရာတွင် ရှိကြောင်း၊ အင်ဒိုနီးရှား ဒေသခံ တံဆိပ် Advanသည် ဈေးကွက်၏ ၈.၃%ရှိ၍ တတိယ နေရာတွင်ရှိကြောင်း သိရပါသည်။

   Webradio