• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင်ပြညနေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို မြန်မာ-ဘင်္ဂလားဒေ့ရ် ချုပ်ဆို

(GMT+08:00) 2017-11-24 14:35:34

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါသူများသူများမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူလာခြင်းအတွက်ထောက်ကူရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း ယခုလ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအာလီသည် ဖိတ်ကြားချက်အရ ယခုလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ခရီးလှည့်လည်ရာ မြန်မာနိုင်ငံအတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင်းဆွေနှင့် ဝန်ကြီးအဆင့်အစည်းအဝေးကို အတူဦးစီးကျင်းပပြီး တိုက်ပွဲရှောင်တိမ်းနေရပ်စွန့်ခွါပြေးသူများအား ဘင်္ဂလားဒေ့ရ်မှ မြန်မာသို့အမြန်ဆုံး ပြန်လာစေရေး ဆောင်ရွက်ရမည့်အကြောင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ သည်။

   Webradio