• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျာမဏီ အစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း အခက်အခဲ ကြုံတွေ့

(GMT+08:00) 2017-11-23 16:23:36

မကြာခင် နှစ်များတွင် ဂျာမဏီ နိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်ပြီး စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ လူအများက ဂျာမဏီကို ဥရောပ အတွက် တည်ငြိမ်စေရေးစက် အဖြစ် သဘောထားကြောင်း၊ သို့သော် လက်ရှိအချိန်က ဂျာမဏီ နိုင်ငံ၏ အစိုးရ ဖွဲ့စည်းတည်ထောင်ရေး အကျပ်အတည်းသည် မာကယ်  အနေနှင့် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် ၁၂နှစ် အတွင်း ကြုံတွေ့ရသော အဆိုးရွားဆုံး အရေးနိမ့်ခြင်း ဖြစ်ရုံ သာမကဘဲ ဂျာမဏီ နိုင်ငံရေး အစဉ်အလာ အနေနှင့် ရင်ဆိုင်နေရသော မကြုံစဖူး ကြီးမားသည့် စိန်ခေါ်မှုလည်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

၎င်းအကျပ်အတည်းသည် ဂျာမဏီ ပြည်တွင်း နိုင်ငံရေး အင်အားများ ကွဲပြားခြင်း အပါအဝင် ရှုပ်ထွေးသည့် အကြောင်းရင်းများကြောင့် ဖြစ်သော်လည်း လူတန်းစား အလွှာများနှင့် ၄င်းတို့ ရရှိသည့် အကျိုးစီးပွား ဆိုင်ရာ တောင်းဆိုချက်များ အရှိန်မြှင့် ကွဲပြားလာနေသည့် ဥရောပ၏ တစ်ခုလုံး အခြေအနေကို ရောင်ပြန်ထင်ဟပ်နေကြောင်း အကဲခတ်များက ယူဆကြသည်။

ပထမအချက်က နိုင်ငံရေးအင်အား ကွဲပြားလာခြင်းကြောင့် မဲဆန္ဒများ ပိုပြီး တသီးတခြားစီး ဖြစ်လာကာ လူ့ဘောင်အဖွဲ့အစည်းများအား အဓိက နိုင်ငံရေး ပါတီ၏ စည်းလုံးညီညွတ်စေခြင်း လျော့နည်းသွားကြောင်း၊ ဒုတိယ အချက်ကတော့ အစဉ်အလာ နိုင်ငံရေး သဘောတူညီမှုများကို ဖျက်ဆီးပြီး နိုင်ငံရေး အစွန်းရောက်မှု တစ်နေ့တခြား သိသာထင်ရှားလာကြောင်း၊ တတိယ အချက်က ဥရောပ အဓိက နိုင်ငံရေး ပါတီများ၏ မူဝါဒများ တူညီလာပြီး အခြား ပါတီများ အတွက် သဘောထား ဖော်ပြရန် အခြေအနေ ဖန်တီးပေးကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio