• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် ကမ္ဘာ့ ပညာမူပိုင်ခွင့် အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2017-11-23 16:23:05

ကမ္ဘာ့ ပညာမူပိုင်ခွင့် အဖွဲ့သည် မကြာခင်က ဂျီနီဗာမြို့တွင် ၂၀၁၇ခုနှစ် ကမ္ဘာ့ ပညာမူပိုင်ခွင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် စမတ်ဖုန်း၊ ကော်ဖီနှင့် နေရောင်ခြည် စွမ်းအင် ဓါတ်ခဲ စသည့် လုပ်ငန်းနယ်ပယ်များ အပေါ် အလေးထားပြီး တစ်ကမ္ဘာလုံးတွင် ကုမ္ပဏီများမှ ဒီဇိုင်း ရေးဆွဲထုတ်လုပ်မှု၊ ရောင်းချမှု၊ ကုန်စည်ပို့ဆောင်မှုနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို လေ့လာကြောင်း၊ တစ်ကမ္ဘောလုံးတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၏ တန်းဖိုး၏ ၃ပုံ၁ပုံခန့်သည် ၄င်းကုန်ပစ္စည်း၏ ကုန်တံဆပ်၊ ဒီဇိုင်းပုံစံနှင့် နည်းပညာစသည့် ရုပ်ဝတ္ထု မဟုတ်သော ရင်းနှီးမှုများ အပေါ်တွင် မူတည်ကြောင်း ရေးသားဖော်ပြသည်။ ယင်းသည် ကုန်ပစ္စည်းတွင် ရုပ်ဝတ္ထု မဟုတ်သော ရင်းနှီးမှုများ၏ တန်ဖိုးကို ပထမဆုံး အကြိမ် တွက်ချက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

   Webradio