• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံမှ သီရိလင်္ကာသို့ ဆန်တန်ချိန် ၁၀၀၀ ကူညီထောက်ပံ့

(GMT+08:00) 2017-11-23 12:56:57

ယခုလ ၂၂ရက်နေ့က သီရိလင်္ကာနိုင်ငံ အစိုးရသည် ကိုလံဘိုမြို့တော်၌ အခမ်းအနား ကျင်းပခဲ့ရာ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သောဆန် တန်ချိန် ၁၀၀၀ကို လက်ခံရရှိ ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီး Anura Yapaနှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယီရှန်လျန်သည် ၎င်းအခမ်းအနားသို့ တက်ရောက်၍ လွှဲပြောင်းပေးအပ်လွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သီရိလင်္ကာ နိုင်ငံတွင် ယခုနှစ် စားနပ်ရိက္ခာ ဆိုးရွားစွာ မလုံလောက်မှုဖြစ်သဖြင့် လူတစ်သန်းကျော် ထိခိုက် ခံနေရကြောင်း၊ တရုတ်နိုင်ငံ ကူညီပေးအပ်သော ဆန်သည် လက်ရှိ စားနပ်ရိက္ခာ ချို့တဲ့ခြင်း အခြေအနေကို သက်သာနိုင်စေကြောင်း၊ တရုတ်နိုင်ငံသည် ကျွန်တော်တို့နိုင်ငံ အကူအညီ လိုအပ်သော အချိန်တွင် ကူညီပေးတတ်ကြောင်း လွှဲပြောင်းပွဲ အခမ်းအနားတွင် Yapaသည် ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio