• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2017-11-22 18:35:17

၂၀၁၇ခုနှစ် နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် နဝမအကြိမ်မြောက် တရုတ်ပြည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စေ့စပ်ဆွေးနွေးပွဲကို ယခုလ ၂၁ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖိုရမ်သို့ တက်ရောက်ကြသော ပြည်တွင်းပြည်ပ ဧည့်သည်တော်များသည် နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး ဇောက်ချပြုလုပ်ခြင်းနှင့် Belt and Road တည်ဆောက်မှု တွန်းအားပေးရေးနှင့် ပတ်သက်၍ အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။

ဖိုရမ် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုအတွင်းရေးမှူးချုပ် ကျိုးရှောင်ဖေးက မကြာခင်နှစ်များက တရုတ်ပြည်သည်

Belt and Road တည်ဆောက်ရေးကို အဓိကထား ဆောင်ရွက်ပြီး နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ အရည်အသွေးရှိသည့် ကုမ္ပဏီများ ကို ပြည်ပတွင် ဝင်ရောက်လုပ်ကိုင်ရန် အားပေးထောက်ခံကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် ၃၆နိုင်ငံနှင့် ထုတ်လုပ်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချုပ်စာတမ်းများကို ချုပ်ဆိုပြီး ပြင်သစ်၊ ဂျာမဏီနှင့် ကနေဒါ စသည့် နိုင်ငံများနှင့် တတိယဘက် ဈေးကွက် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို တည်ဆောက်ကာ အာဆီယံ၊ အာဖရိကအဖွဲ့ချုပ်နှင့် ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့အစည်းများနှင့် ဘက်ပေါင်းစုံ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း၊ ၄င်းပူးပေါင်းဆောင်ရွက် ခြင်းများဖြင့် အားသာချက် ဆိုင်ရာ အပြန်အလှန် ဖြည့်ဆည်းခြင်းနှင့် အပြန်အလှန် အကျိုးရှိစေခြင်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားသည်။

 

   Webradio