• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Ahmed Alyနှင့် ဝမ်ယိ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-11-19 16:11:13

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Ahmed Alyနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက တရုတ်ပြည်သည် ဘင်္ဂလားဒေ့ရှ်နှင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး နှစ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး အလေးထားချက်များနှင့် ပတ်သက်၍ ဆက်လက်ပြီး အပြန်အလှန် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံလိုကြောင်း ပြောကြားသည်။

Ahmed Alyက ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနှင့် တရုတ်ပြည်နှင့် ဆက်ဆံမှုကို နိုင်ငံခြားရေး ဆက်ဆံမှုများတွင် အရေးကြီး ကျောရိုးမဏ္ဍိုင် အဖြစ် ထားရှိပြီး နှစ်နိုင်ငံ အကြားရှိ အပြန်အလှန် ယုံကြည်မှုနှင့် အားပေးထောက်ခံမှုကို တစ်ဆင့်တိုး ခိုင်မာစေကာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

   Webradio