• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် Hasinaနှင့် ဝမ်ယိ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-11-19 16:10:52

ယခုလ ၁၈ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasinaသည် ဒါကာမြို့တော်ရှိ ဝန်ကြီးချုပ်ရုံးတွင် အလည်အပတ်ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် Hasinaက လွန်ခဲ့သည့် နှစ်များ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး အတွက် တရုတ်ပြည်မှ အားပေး ထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ လွန်ခဲ့သည့် ၂၀၁၆ခုနှစ်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်တွင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေးမိတ်ဖက်ဆက်ဆံမှုကို သတ်မှတ်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနှင့် ၄င်းဦးတည်ချက် အတိုင်း တရုတ်ပြည်နှင့် အတူ နယ်ပယ် အသီးသီးတွင် လက်တွေ့ကျ သောပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် ဇောက်ချပြုလုပ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု ကိုအဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ဝမ်ယိက တရုတ်ပြည်သည် ဘင်္ဂလားဒေ့ရှ်နှင့် အတူ နှစ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး အလေးထားချက်များနှင့် ပတ်သက်၍ ဆက်လက်ပြီး အပြန်အလှန် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံကာ တရုတ်-ဘင်္ဂလားဒေ့ရှ် မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို နက်ရှိုင်းစေရန် ကြိုးပမ်း လိုကြောင်း ပြောကြားသည်။

   Webradio