• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဗာရေလာ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-11-18 16:20:34

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၇ရက်နေ့ ညနေပိုင်းက ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော ပါနာမာ နိုင်ငံ သမ္မတ ဗာရေလာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် လီခေ့ချန်က တရုတ်ပြည်သည် ကိုယ့်အားသာချက်နှင့် ပါနာမာနိုင်ငံ၏ အားသာချက်ကို ပေါင်းစပ်ပြီး ကုန်စည်ပို့ဆောင်မှု ကွန်ရက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း ပြောကြားသည်။

ဗာရေလာက ပါနာမာနှင့် တရုတ် နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခြင်းသည် ပါနာမာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ၏ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း အတွက် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

   Webradio