• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ် ပြည်လုံးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်ရေး လုပ်ငန်း ဆုချီးမြှင့်ပွဲ ကိုယ်စားလှယ်များကို တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-11-18 16:19:55

တရုတ်ပြည်လုံးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်ရေး လုပ်ငန်း ဆုချီးမြှင့်ပွဲကို ယခုလ ၁၇ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီးတွင် ၄င်းဆုချီးမြှင့်ပွဲသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ ဗဟိုကော်မတီ ယဉ်ကျေးမှု လုပ်ငန်း ကော်မရှင် ဥက္ကဋ္ဌ ဝမ်ဟုနင်သည် ၄င်းတွေ့ဆုံ နှုတ်ဆက်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

   Webradio