• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးလာ

(GMT+08:00) 2017-11-17 16:49:03

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ တရုတ်ပြည် တစ်ပြည်လုံးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အသစ် တည်ထောင်ခဲ့သည့် ကုမ္ပဏီ အရေအတွက် စုစုပေါင်း ပမာဏမှာ ၂၆၁၇၄ခု ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် တိုးလာကာ နိုင်ငံခြား ရင်းနှီးမှု အသုံးပြုခြင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၆၇၈့၇ ဘီလီယံ ရှိကာ ယမန်နှစ် အလားတူ အချိန်ကထက် ၁့၉ရာခိုင်နှုန်း တိုးလာကြောင်း၊ အဆင့်မြင့် နည်းပညာ ကုန်ထုတ်လုပ်ငန်းနှင့် အဆင့်မြင့် နည်းပညာ ဝန်ဆောင်မှု လုပ်ငန်းများသည် ဆက်လက် ကောင်းမွန်စွာ တိုးပွားလာကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် မက္ကရို စီးပွားရေး သုတေသန အကယ်ဒမီ နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာန သုတေသီ ယန်ချန်ယုံက အနာဂတ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း၏ အဓိက ထူးခြားချက်မှာ တိုးတက်မှု အရှိန် တည်ငြိမ်ပြီး ဖွဲ့စည်းပုံ တရားနည်းလမ်းကျလာခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ တရားနည်းလမ်းကျခြင်းသည် အထင်ရှားဆုံး ထူးခြားချက် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio