• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံ - တရုတ်ပြည် ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာ၌ အဓိပ္ပါယ် သက်ရောက်မှု" နိုင်ငံတကာ တတ်သိပညာရှင်များ နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-11-17 09:04:57

တရုတ် လူမှု သိပံ္ပပညာ တံခွန်အသင်းကြီးနှင့် တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေး စင်တာတို့  ဦးစီး ပြုလုပ်သော "တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံ - တရုတ်ပြည် ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာ၌ အဓိပ္ပါယ် သက်ရောက်မှု" နိုင်ငံတကာ တတ်သိပညာရှင်အဖွဲ့များ နှီးနှောဖလှယ်ပွဲကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်မင်သည် တရုတ် နိုင်ငံက ချီတက်ခရီးစဉ်သစ် စတင်ခြင်း၊ ကမ္ဘာကြီး ဖွံ့ဖြိုးရေး၏ အခွင့်အလမ်းသစ် ခေါင်းစဉ် ဖြင့် မိန့်ခွန်း ပြောကြားပါသည်။

   Webradio