• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် စိန်ခေါ်မှုများ ပူးပေါင်း ရင်ဆိုင် ဖြေရှင်းရန် အချက်ပြနိုင်ဖို့ တရုတ် မျှော်လင့်

(GMT+08:00) 2017-11-17 08:44:11

၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ အထိ မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပမည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ဝမ်ယိသည် နိုင်ငံတကာနှင့် ဒေသရေးရာ အခြေအနေများ၊ အာရှ-ဥရောပ အပြန်အလှန် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ ထင်မြင်ချက် သဘောထားများကို ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း  ယခုလ ၁၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ပါသည်။

ကင်စွမ်က၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် မိတ်ဖက်ဆက်ဆံမှုကို အားသစ်လောင်းပေးပြီး ငြိမ်းချမ်းရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးရေးကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ အာရှနှင့် ဥရောပ ဘက်အသီးသီးတို့ အနေနှင့် ယခုအကြိမ် အစည်းအဝေးကို အခွင့်ကောင်းအဖြစ်ထားပြီး တူညီသော စိန်ခေါ်မှုများကို ပူးပေါင်း ရင်ဆိုင် ဖြေရှင်းရန် အပြုသဘောဆောင်သော အချက်များပြနိုင်ဖို့ တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio