• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဖိလစ်ပိုင် သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-11-16 09:10:07

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၁၅ ရက်နေ့ ညနေပိုင်းက မနီလာမြို့ရှိ သမ္မတရုံး၌ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး စွဲကိုင်ခြင်းသည် နှစ်ဖက်တို့၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီပြီး အကျိုးတူ ဖွံ့ဖြိုးရေး၏ အခြေခံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် လက်တွဲပြီး ချစ်ကြည်ရေး ခိုင်မာအောင်နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်လိုပါကြောင်း ပြောကြား ပါသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သတင်းအချက်အလက် နည်းပညာ၊ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်း၊ ဆင်းရဲမှု လျှော့ချရေး စသည့်နယ်ပယ်များတွင် အားဖြည့် ပူးပေါင်းဆောင်ရွက် လိုကြောင်း၊ မဟာဗျူဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးလိုကြောင်း ပြောကြား ပါသည်။

ဒူတာတယ်ကလည်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ မိတ်ဆွေကောင်းနှင့် ရိုးသားဖြူစင်သော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ မိမိသည် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ ပင်လယ် ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ဥပဒေ ကျင့်သုံးမှု၊ နိုင်ငံဖြတ်ကျော် ဖြစ်မှုကျူးလွန်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် လီခေ့ချန်နှင့် ဒူတာတယ် ရှေ့မှောက်၌ နှစ်ဖက် အကြား အခြေခံ အဆောက်အအုံ၊ ကုန်ထုတ်စွမ်းအား၊ စီးပွါးရေးနည်းပညာ၊ ငွေကြေး၊ လူမှု ယဉ်ကျေးမှု စသည့်နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၁၀ ကျော်ကို ချုပ်ဆို ခဲ့ကြကြောင်း သတင်းရရှိပါသည်။

၁၅ ရက်နေ့ ညနေပိုင်းက သမ္မတ ဒူတာတယ်သည် သမ္မတရုံး ရင်ပြင်ကြီး၌ ဝန်ကြီးချုပ် လီခေ့ချန်အား ကြိုဆိုပွဲ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါသည်။

   Webradio