• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဖိလစ်ပိုင် အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-15 15:39:11

        တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက မနီလာမြို့၌ ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ အာဝါလေ့ဇ်နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံရာတွင် လီခေ့ချန်က တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ပြည်သူပြည်သားများသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာသမိုင်းကို လက်တွဲတည်ထောင်ခဲ့ကြကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံမှု အခက်အခဲများ ကြုံတွေ့ပြီးနောက် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်သည့် အခြေခံပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့အနေနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လူမှုယဉ်ကျေးမှုဘက်တွင်လည်း ပိုမို ရင်းနှီးစွာ ဆက်ဆံ၍ ယင်းသည် နှစ်နိုင်ငံပြည်သူပြည်သားများ၏ ဆန္ဒဖြစ်ကြောင်း ပြောကြားသည်။

   Webradio