• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘရူနိုင်းဝါရင့်သံတမန်အရာရှိသည်၊ အာဆီယံအတွင်းရေးမှူးချုပ်သစ်ထမ်းဆောင်မည်

(GMT+08:00) 2017-11-15 12:02:02

      ၂၀၁၈ခုနှစ် အဆီယံအလှည့်ကျသဘာပတိနိုင်ငံ၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှိန်လုံက၊ ဘရူနိုင်းနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး လိမ်ဂျော်ဟွေသည်၊ အာဆီယံအတွင်းရေးမှူးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်း ယခုလ ၁၄ ရက်နေ့ညက ၃၁ကြိမ်မြောက် အာဆီယံထိပ်သီးများအစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

လိမ်ဂျော်ဟွေသည်၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် တရားဝင်တာဝန်ထမ်းဆောင်သွား မည်ဖြစ်သည်ဟု သတင်းအရသိရသည်။

   Webradio