• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရန်ကုန် Mary Chapman ကျောင်းအား ပစ္စည်းဥစ္စာ လှူဒါန်း

(GMT+08:00) 2017-11-15 11:53:00

        ယခုလ ၁၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရန်ကုန် Mary Chapman နားမကြားကျောင်း၌ အလှူပွဲ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ Mary Chapman နားမကြားကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွန့်သိန်း၊ မြန်မာ့ အကြီးဆုံး စူပါမားကက် City Mart အမှုဆောင် ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်၊ မြန်မာ-တရုတ် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်သံရုံးမှ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio