• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ ကျင်းပ ပြီးစီး

(GMT+08:00) 2017-11-15 09:42:15

၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးများကို ယခုလ ၁၄ ရက်နေ့ ညက ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၌ ကျင်းပ ပြီးစီးခဲ့ကြောင်း၊ စင်ကာပူသည် လာမည့်နှစ် အာဆီယံ သဘာပတိ နိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် အာဆီယံ ထိပ်သီး အစည်းအဝေး  အတောအတွင်း အာဆီယံ ၁၀ နိုင်ငံတို့သည် ရွှေ့ပြောင်း လုပ်သားများ၏ အကျိုးစီးပွါး၊ အခွင့်အရေး ထိန်းသိမ်းကာကွယ်မှုနှင့် အကြမ်းဖက်မှု၊ အစွန်းရောက်မှုများ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ အောင်ကျိုးရလဒ် စာတမ်းများကို ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio