|
||||||||
|
|||||||||||||
တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ကျင်းပသော ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
အစည်းအဝေးတွင်၊ လီခေ့ချန်သည် အရှေ့အာရှ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆိုပြုချက် ၆ ရပ်ကို တင်ပြခဲ့ကြောင်း၊ ယင်းတို့မှာ ဒေသတွင်း တပြေးညီ ဖြစ်ရေး ထူထောင်မှုကို တွန်းအားပေးရန်၊ ဆက်တိုက် ဖွံ့ဖြိုးမှုကို တွန်းအားပေးရန်၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ သမားရိုးကျ မဟုတ်သော နယ်ပယ်မှ လုံခြုံရေး ခြိမ်းခြောက်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန်၊ လုံခြုံမှုဆိုင်ရာ အတွေးအခေါ်ကို ဆန်းသစ်ရန်နှင့် ဒေသတွင်း လုံခြုံရေး မူဘောင် ပြည့်စုံ ကောင်းမွန်စေရန်တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။
|