• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ အေပက် အဖွဲ့ ၂၅ ကြိမ်မြောက် အလွတ်သဘော အစည်းအဝေးနှင့် ဗီယက်နမ်၊ လာအို ခရီးစဉ် အကြောင်း ဝမ်ယိ ပြောဆို

(GMT+08:00) 2017-11-14 22:53:03
ယခုလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ ဒါနမ် မြို့၌ ကျင်းပသော အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ် သဘော အစည်းအဝေးသို့ တက်ရောက်ပြီး ဗီယက်နမ်နှင့် လာအိုနိုင်ငံ၌လည်း ခရီးလှည့်လည် ခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိသည် ရှီကျင့်ဖိန်၏ ယခုကြိမ် ခရီးစဉ် အကြောင်းကို သတင်းထောက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။ဝန်ကြီး ဝမ်ယိက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်အတွင်း တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရှင်းလင်း ပြောကြားပြီး နိုင်ငံတကာ မိသားစုကြီး၏ တရုတ်ပြည်အပေါ် နားလည်မှုကို တိုးမြင့်လာစေခဲ့ကြောင်း၊ အာရှ ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို ဦးစီးပြီး ဒေသတွင်း ဘက်အသီးသီးတို့၏ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး အစဉ်အလာ ထွန်းကားလာအောင် ဆောင်ရွက်ပြီး၊ တရုတ်-ဗိယက်နမ်နှင့် တရုတ်-လာအို ခင်မင်ရင်းနှီးမှုကို အားသစ်လောင်းပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
   Webradio