• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် တောင်ပင်လယ် ရေကြောင်း၊ လေကြောင်း လွတ်လပ်စွာ သွားလာမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းမည်ဟု လီခေ့ချန် ဆို

(GMT+08:00) 2017-11-14 18:10:34
ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက ကျင်းပသော ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ် နိုင်ငံသည် တောင်ပင်လယ် အကြီးဆုံး ကမ်းရိုးတမ်းနိုင်ငံနှင့် တောင်ပင်လယ် ရေကြောင်းကို အဓိက အသုံးပြုသော နိုင်ငံ ဖြစ်ပြီး၊ မည်သည့်နိုင်ငံထက်မဆို တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုနှင့် လေကြောင်း၊ ရေကြောင်း လွတ်လပ်စွာ သွားလာမှုကို လိုလားပါကြောင်း၊ တောင်ပင်လယ် ရေကြောင်း၊ လေကြောင်း လွတ်လပ်စွာ သွားလာမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း သတင်းအရ သိရပါသည်။
   Webradio