• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-14 13:30:13

      တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည်၊ ယခုလ ၁၃ ရက်နေ့ ညနေပိုင်း က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် တည်းခိုရာ ဟိုတယ်၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟုန်ဆန်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ လီခေ့ချန်က တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံသည်၊ ရိုးသားဖြူစင်သော မိတ်ဆွေများဖြစ်ပြီး၊ ကမ္ဘောဒီးယားအနေနှင့်၊ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော လမ်းကြောင်းအတိုင်းဆက်လက်ရှေ့ရှုသွားရန် တရုတ်ပြည်က ထောက်ခံမြဲ ထောက်ခံနေကြောင်းပြောကြားခဲ့သည်။

ဟုန်ဆန်ကလည်း၊ ကမ္ဘောဒီးယား-တရုတ်ဆက်ဆံမှုသည်၊ ချစ်ခင်ရင်းနှီးပြီး နက်ရှိုင်း ကြံခိုင်ကြောင်း၊ ကမ္ဘောဒီးယားအနေနှင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးစသည့်နယ်ပယ်များမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ပြီး၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူး ပေါင်း ဆောင်ရွက်ရေးဆက်ဆံမှု ဖွံ့ဖြိုးရေးအတွက် တစ်ဆင့်တက်တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio