• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-14 13:19:57

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည်၊ ယခုလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် တည်းခိုရာ ဟိုတယ်၌ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် နွမ်ရွှန်ဖူနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ လီခေ့ချန်က ဗီယက်နမ်နိုင်ငံအလယ်တောင်ပိုင်းဒေသ ၌ တိုင်ဖုန်းမုန်တိုင်းခံခဲ့ရခြင်းအပေါ် နှစ်သိမ့်အားပေးကြောင်း၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံသည်၊ အိမ်နီးချင်းကောင်းနှင့် အရေးကြီးမိတ်ဖက်တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နွမ်ရွှန်ဖူက၊ နှစ်ဦးနှစ်ဖက်တို့၏ အတူကြိုးပမ်းမှုအရ၊ ဗီယက်နမ်-တရုတ်ချစ်ကြည်ရေး မိတ်ဖက်ဆက်ဆံမှုသည်၊ တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ ဗီယက်နမ်အနေနှင့်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးဆက်ဆံမှုနက်ရှိုင်းစေရေးအတွက် ဆက်လက် အားထုတ်ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio