• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် မူဂျေအင် တွေ့ဆုံ

(GMT+08:00) 2017-11-14 11:01:21

ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ညက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်  လီခေ့ချန်သည် မနီလာမြို့၌ တောင်ကိုးရီးယားသမ္မတ မူဂျေအင် နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        လီခေ့ချန်က တရုတ်-တောင်ကိုးရီးယားနှစ်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ ဒါနမ်မြို့၌ ကျင်းပသော အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်စဉ်အတောအတွင်း တရုတ်-တောင်ကိုးရီးယား ဆက်ဆံမှု ကောင်းမွန်စေရန် တွန်းအားပေးရေးနှင့်ပတ်သက်ပြီး တောင်းကီုးရီးယားသမ္မတ မူဂျေအင် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ရရှိခဲ့သော နိုင်ငံရေးဘက်မှ အပြန်အလှန် ယုံကြည်မှုကို တန်ဖိုးထားကာ အမြုတေ အကျိုးစီးပွားနှင့် အဓိက အာရုံစိုက်မှုကို အပြန်အလှန် အလေးထားကြရန် မျှော်လင့်ကြောင်း၊ သာဒ့်ပြဿနာနှင့်ပတ်သက်ပြီး တရုတ်-တောင်ကိုးရီးယားနှစ်နိုင်ငံတို့သည် သဘောတူညီမှု အချို့ ရရှိနေပြီဖြစ်ကြောင်း၊ တောင်ကိုးရီးယားဘက်အနေနှင့် ဆက်လက် ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်-တောင်ကိုးရီးယား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖယ်ပေးကာ နှစ်နိုင်ငံ ဆက်ဆံမှု မှန်မှန် တိုးတက်မှုကို အာပခံပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio