• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

(GMT+08:00) 2017-11-14 10:01:01

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင် နိုင်ငံတကာ အစည်းအဝေး စင်တာ၌ အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ အာဆီယံနှင့် ဖိလစ်ပိုင် သမ္မတ ဒူတာတယ်တို့ ယခုအကြိမ် အစည်းအဝေးကို ပူးတွဲ ကြီးမှူး ကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် လီခေ့ချန်သည် အနာဂတ်တွင် တရုတ်-အာဆီယံ ဆက်ဆံမှု တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် ငါးရပ်ကို တင်ပြ ခဲ့ကြောင်း၊ ယင်းတို့မှာ တရုတ်-အာဆီယံ ဆက်ဆံမှု တိုးတက်ရေး မျှော်မှန်းချက်ကို လက်တွဲ ရေးဆွဲချမှတ်ရန်၊ Belt and Road ကမ်းလှမ်းချက်နှင့် အာဆီယံ ဖွံ့ဖြိုးမှု စီမံကိန်းနှင့် ချိတ်ဆက်ဖို့ တွန်းအားပေးရန်၊ နှစ်ဖက်အကြား နိုင်ငံရေး လုံခြုံမှု ပူးပေါင်း ဆောင်ရွက်ရေးကို အားဖြည့်ရန်၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူး တံတားကို အားဖြည့်ရန်နှင့် လူမှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို အဆက်မပြတ် တိုးမြှင့်ရန်တို့ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio