• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ဘွန်ယန် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-11-13 22:54:36

        ယခုလ ၁၃ ရက်နေ့က ဗီယင်ကျမ်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ဘွန်ယန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ နှစ်ဦးနှစ်ဖက်တို့သည် ရရှိပြီး ဖွံ့ဖြိုးမှု အောင်ကျိုးရလဒ်များကို ချီးကျူးကာ ကူးလူးဖလှယ်မှုကို  တိုးမြှင့်ရန်၊ တရုတ်ပြည်၏ တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးနှင့် လာအိုပြည်၏ ပြုပြင်ဆန်းသစ်ရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ မိတ်ဘက်ကောင်း စိတ်ဓာတ်ကို ဆက်လက် စွဲကိုင်ရန်၊ တရုတ်-လာအိုနှစ်နိုင်ငံအကြား ချစ်ကြည်ရေးအစဉ်အလာ ခိုင်မြဲစေရန်နှင့် ရေရှည်တည်ငြိမ်သော တရုတ်-လာအို ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်ဆက်ဆံမှု အဆင့်မြှင့်တင်ဖို့ တွန်းအားပေးကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio