• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် လာအိုမီဒီယာ၌ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2017-11-13 20:12:00

လာအိုနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအို ပြည်သူ့သတင်းစာ၊ ဗီယင်ကျမ်း တိုင်းမ်စ်သတင်းစာ၊ ပါတေလျော် နေ့စဉ်သတင်းစာများတွင်၊ တရုတ်-လာအို မဟာဗျူဟာမြောက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ကြခြင်း ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ တရုတ်နှင့် လာအိုနိုင်ငံသည် အတွေးအခေါ် ဆက်နွှယ်ထားပြီး လူမှုရေး စနစ် တူညီကာ ဖွံ့ဖြိုးရေး လမ်းကြောင်း နီးစပ်သော ဆိုရှယ်လစ် ချစ်ကြည်ရေး အိမ်နီးချင်းကောင်း နိုင်ငံတို့ ဖြစ်ကြောင်း၊ မိမိတို့သည် မဟာဗျူဟာ ကူးလူးဆက်နွှယ်မှုကို အားဖြည့်ရမည် ဖြစ်ပြီး အပြန်အလှန် လေးစားပြီး အပြန်အလှန် ယုံကြည်အားထားရသော ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio