• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို ရေးဆွဲ ချမှတ်ရန် တရုတ် တိုက်တွန်းဟု လီခေ့ချန် ဆို

(GMT+08:00) 2017-11-13 19:09:43
ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ ညနေပိုင်းက အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ကျင်းပ ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။လီခေ့ချန်က၊ အာဆီယံ၏ ဆွေးနွေးရေး မိတ်ဖက် ဆက်ဆံမှုများ အနက် တရုတ်-အာဆီယံ ဆက်ဆံမှုသည် ရှင်သန်မှုနှင့် အနက်သဘော အရှိဆုံး ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်တွင် အစောဆုံး ပါဝင်ပြီး အာဆီယံနှင့် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အစောဆုံး ထားရှိကာ အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ရေးဇူန် စေ့စပ်ဆွေးနွေးပွဲ ဖြစ်စဉ် အစောဆုံး စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဦးတည်ချက်ကို စွဲကိုင်ပြီး နှစ်ဖက် ဆက်ဆံမှု တလျှောက်လုံး မှန်ကန်သော လမ်းကြောင်း အတိုင်း ချီးတက်လာအောင် ဆောင်ရွက်နေခဲ့ကြောင်း ပြောကြားပါသည်။လီခေ့ချန်က၊ တရုတ်နိုင်ငံသည် အာဆီယံ နိုင်ငံများနှင့်အတူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ခေတ်ရေစီးကြောင်းနှင့် အညီ နှစ်ဖက် ဆက်ဆံမှု တစ်ဆင့် တိုးတက်စေရန် တွန်းအား ပေးလိုကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို ရေးဆွဲ ချမှတ်ရန်၊ ၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို ၃+ x ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အဖြစ် အဆင့် မြှင့်တင်ရန်၊ နိုင်ငံရေး လုံခြုံမှု၊ စီးပွါးကုန်သွယ်ရေး၊ လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အပါအဝင် ကျောရိုးမဏ္ဍိုင် သုံးခုကို အဓိကအဖြစ် ထားသည့် နယ်ပယ်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူ အဖြစ် ထားသော ပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်ကို ဖွဲ့စည်း တည်ထောင်ရန်၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမို များပြားသော နိုင်ငံတကာ အနက်သဘော ပါရှိစေရန်၊ တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ စံနာမူနာသစ်ကို ထူထောင်ရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
   Webradio