• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး နွမ်ဖူထရွန်နှင့် ထပ်လောင်း တွေ့ဆုံ

(GMT+08:00) 2017-11-13 16:39:25

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဟနွိင်းမြို့ရှိ ဗီယက်နမ် ကွန်မြူနစ်ပါတီ အခြေစိုက်ရုံး၌ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး နွမ်ဖူထရွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်လောင်း ပြုလုပ်ပြီး နှစ်ဦးနှစ်ဖက်တို့သည် နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပတ်သက်ပြီး ဆက်လက် အမြင်ချင်းများ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် နွမ်ဖူထရွန်အား တရုတ်ပြည်၏ ပါတီနှင့် နိုင်ငံရေး စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ခေါင်းဆောင်နှစ်ဦးတို့သည် ဟိုချီမင်မြို့သို့ သွားရောက်ပြီး သက်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

   Webradio